Local News

ဧည့်မထဆန်(ဟောင်း)နှင့် ဖွဲနု ဈေးများမြင့်တက်၍ ဆန်ကွဲB(1,2) နှင့် ဆန်ကွဲB(2,3,4) ဈေးများကျဆင်းကာ ဧည့်မထဆန်(သစ်)နှင့် ပေါ်ဆန်းမွှေးဆန် ဈေးများတည်ငြိမ်

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၂.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၂၆၅၂၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၉.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၃၈၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၆၇၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက် ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်နှင့်  ဖွဲနုတစ်အိတ် ၁၈၀ကျပ် ဈေးများမြင့်တက်၍ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀ဝကျပ်၊  ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၀၀ဝကျပ် ဈေးများကျဆင်းကာ ဧည့်မထဆန်(မနောသုခ)(သစ်)  နှင့် ပေါ်ဆန်းမွှေး ဆန်ဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့် ဖွဲနုဈေးများ မြင့်တက် သွားခြင်းမှာ စပါးလက်ကျန်နည်း၍ကြိတ်ခွဲမှုနည်းသွားကာ ဆန်၊ဖွဲနုလက်ကျန်များ နည်းသွားပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4) ဈေးများ ကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းသွားခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူး ကုန်စည်ဒိုင်ထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News